ဇန်နဝါရီလ ပထမအပတ်တွင် တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထဆန်တစ်ပြည်လျှင် (၃၃၀၀-၃၄၀၀)ကျပ်၊ တောင်ပျံတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ကြားပျံတစ်ပြည် လျှင်(၅၄၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်အပတ်တွင် (၇၇၂၅)ကျပ် ဖြစ်ပြီး ယခုအပတ်တွင် (၇၇၂၅)ကျပ်ဖြစ်၍ စားအုန်းဆီဈေးနှုန်းမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်၊နနွင်းမှုန့်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၆၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငြုပ်တောင့်ရှည်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ မန်းကျီးသီးမှည့်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၇၀၀)ကျပ်၊ ကြက်ဥ (CP)တစ်လုံး လျှင်(၃၇၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၄၂၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။
အလားတူ အသား၊ငါးဈေးနှုန်းများဖြစ်သော ဗမာကြက်တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ CPကြက် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၁၈၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၂၅၀၀-၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့မစည်ပင်သာယာဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပြီး ယခင်အပတ် နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာလည်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)