ဝင်ငွေကောင်းသောရာသီစာပြောင်းဖူးစျေးနှုန်း

Powered by Drupal

            ‌ပြောင်းဖူးသည် ပြည်ပဝင်ငွေရရှိသည့်သီးနှံမျိုးဖြစ်ပြီး လူကြိုက်နှစ်သက်မှုများသော သီးနှံဖြစ်သည်။ ပြောင်းဖူးတွင် သကြားပြောင်း၊ ‌ထောပတ်‌ပြောင်းဟူ၍ အမျိုးအစားများရှိပြီး သကြားပြောင်းဖူးမှာ လူကြိုက်အများဆုံးဖြစ်သည်။ပြောင်းဖူးကို ရာသီမရွေးစိုက်ပျိူးနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ပြောင်းဖူးသည် လူများစားသုံးရန်သာမက တိရစ္ဆာန်အစာများအတွက်လည်း အသုံးဝင်ပါသည်။ ပြောင်းဖူးသည် အာဟာရဓါတ်များစွာပါဝင်သည့်အတွက် လူတိုင်းနီးပါးစားသုံးကြပြီး ‌စျေးကွက်ဝင်သော သီးနှံဖြစ်သည်။

            ထားဝယ်မြို့တွင် ပြောင်းဖူးစိုက်ပျိုးသူနည်းပါးသဖြင့် အခြားပြည်နယ်များမှ  ဝယ်ယူတင်သွင်းရသဖြင့် စျေးနှုန်းအနည်းငယ်ကွာခြားမှုရှိပါသည်။ ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးများနှင့် ရပ်ကွက်စျေးများတွင် ပြောင်းဖူးအစိမ်းတစ်ဖူးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀)ကျပ်ခန့် ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)