
ထားဝယ်ဈေးကွက်အတွင်းသို့ သပြေချောင်းရွာဘက်မှ ဗုံလုံသီးများ စတင်ဝင်ရောက်လာနေပြီဖြစ်ပြီး ရာသီပေါ်ဖြစ်သည့်အတွက် ဈေးကောင်းရနေကြောင်း သိရှိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အလုံးလှသည့်အတွက် အလုံးကြီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၈၀၀)ကျပ်ခန့် ရှိကာ စိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။
ဗုံလုံသီးကို ပဲလင်းမြွေသီးဟုလည်းခေါ်တွင်ကြပြီး ဝက်သားအစာသွပ်၊ ဟင်းချို၊ ရခိုင်ချက်အပြင် ကြိုက်နှစ်သက်ရာအသားများနှင့် အစာသွပ်၍ ချက်ပြုတ်စားသောက်သည့်အတွက် ဝင်ရောက်မှုရှိသည့် ဗုံလုံသီးများမှာ ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံကျော်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)