၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၂၈) ပေပါကို ယာဥ်မောင်း ဦးကျော်ဇေယျ၊ ယာဉ်အမှတ် 7G-7511/Nissan Diesel အမျိုး အစား မော်တော်ယာဥ်နှင့် အလားတူ ယင်းနေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ရေးလမ်းရှိ ရွှေမြင့်မိုရ်ကားဂိတ် ယာဥ်ရပ်နားစခန်းသို့ထပ်မံရောက်ရှိလာသော Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၂) ပေပါကို ယာဥ်မောင်း ဦးဇော်ဇော်၊ ယာဉ်အမှတ် 9K-9082/ Hino အမျိုးအစား မော်တော်ယာဥ်တို့ဖြင့် အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီစုစုပေါင်း (၆၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင် အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)