၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ( ၈)ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူ များသည် ကျိုင်းတုံမြို့ပေါ်ရှိ ဘိလပ်မြေလက်လီ၊ လက်ကားရောင်းချသည့်ဆိုင်များတွင် ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များတွင် ဘိလပ်မြေများပြတ်လပ်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဘိလပ်မြေဈေးနှုန်းများအနေဖြင့် ကျားအမှတ်တံဆိပ် (40)kg တစ်အိတ်လျှင် (၂၆၀၀၀)ကျပ်၊ ဆင်အမှတ်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ စိန်အမှတ်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင် ဒီဇင်ဘာလနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ယင်းသို့ ဘိလပ်မြေဈေးနှုန်းကျဆင်းရခြင်းမှာ ထိုင်းဘတ်ငွေဈေးနှုန်းအနည်းငယ်ကျဆင်း၍ မြန်မာကျပ်ငွေ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)