ဓနုဖြူ အောင်ချမ်းသာ ဆန်စက်အား စပါးသိုလှောင် ဆန်ကြိတ်ခွဲမှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အောင်ချမ်းသာဆန်စက်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက (၈.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် သိုလှောင် ကြိတ်ခွဲ ထုတ်လုပ်မှုအခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးသည် ငါးဘတ်အိုင်ကျေးရွာရှိ အောင်ချမ်းသာ ဆန်စက်လုပ်ငန်းလည်ပတ်နေမှုကို ကြည်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်မှ လုပ်ငန်းအကြောင်းရှင်းလင်းပြောကြားရာ ဆန်စက်တွင် လက်ရှိစပါး ၂၀၀၀တင်းရှိပြီး ဆန်ဧည့်မထ လက်ကျန် ၂၀၀အိတ်ရှိပြီး၊ တစ်နေ့ကို မနက် ၆နာရီမှ ည ၆နာရီထိ ဆန် ၁၀တန်မှ ၁၅တန်ကြားကြိတ်နိုင်ကြောင်း၊ ဆန်များကို ဒေသတွင်းသာ လက်ကား၊ လက်လီဆန်ဆိုင်များကို ရောင်းချ ကြောင်း ကိုရှင်းလင်း ပြောပြခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာနမှ MyRoတွင် မှတ်ပုံတင် လက်မှတ်ရရှိပြီးပါက ဆန်/စပါးသိုလှောင်ရုံ လစဉ် စပါး၊ ဆန်လက်ကျန်စာရင်းကို ဖြည့်သွင်းဆောင်ရွက်နိုင်ရေးနှင့် ဆန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆန်စက်ပိုင်ရှင်အား ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ဧရာဝတီ)