
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၈.၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ကြာနီကန်လမ်းမကြီးပေါ်ရှိ ဘိလပ်မြေရောင်းချဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ဇန်နဝါရီလ ပထမပတ်အတွင်း Alpha တစ်အိတ်လျှင် (၂၁၀၀၀/-) ကျပ်နှင့် Double Rhino တစ်အိတ်လျှင် (၁၉၅၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်လတွင် Alpha တစ်အိတ်လျှင် (၁၉၅၀၀/-)ကျပ်ခန့်သာရှိပြီး၊ ယခုလဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့် လျှင် Alpha တစ်အိတ်လျှင် (၁၅၀၀/-)ကျပ်မြင့်တက်လာခဲ့ကြောင်း၊ ယခုအချိန်တွင် ဝယ်ယူသူများပြားလာသဖြင့် ပစ္စည်းများအရောင်းသွက်လျက်ရှိပါသည်။ ဘိလပ်မြေလက်ကျန်ပစ္စည်းများ လျော့နည်းလာပြီး ပြန်လည်ဝယ်ယူရာတွင်လည်း ပစ္စည်းပြတ်လပ်မှုများ ရှိနေပါသဖြင့် အလှည့်ကျစနစ်ဖြင့် ဝယ်ယူပြီးပြန်လည်ရောင်းချနေရကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)