ပခုက္ကူကုန်စည်ဒိုင်၏ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် မေလပထမပတ်မှ ဒုတိယပတ်အတွင်း ပဲစဉ်းငုံနီ၊ ကုလားပဲဝါ(HL)၊ ကုလားပဲဖြူလုံးကြီး(V2/V6)၊ ကုလားပဲဝါလုံးကြီး (929)၊ စွန်တာနီ(ကျွန်း)၊ ပဲဇီးကွက်၊ ထောပတ်ပဲဖြူ(ကျွန်း/ယော)၊ ပြောင်းဖူးစေ့(CP)၊ ပဲတီစိမ်းကြီး၊ ကြက်ဆူသီးနှံများ အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းများ မှာလည်း အချိန်နှင့်အမျှ ပြောင်းလဲလျှက်ရှိပါသည်။ ယခင်တစ်ပတ်၏ ပဲစဉ်းငုံနီ တစ်တင်း ဈေးမှာ(၄၂၇၀၀)ကျပ်၊ ယခုတစ်ပတ်တစ်တင်းဈေး(၄၂၃၀၀)ကျပ်၊ ထောပတ်ပဲဖြူ (ကျွန်း/ ယော)ယခင်တစ်ပတ်တစ်တင်းဈေး(၃၈၂၀၀)ကျပ် ယခုတစ်ပတ်တစ်တင်းဈေး(၃၇၀၀၀) ကျပ်ဖြင့် ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ကုလားပဲဝါလုံးကြီး(929) ယခင်တစ်ပတ် တစ်တင်း ဈေး(၄၁၀၀၀)ကျပ်၊ ယခုတစ်ပတ်တစ်တင်းဈေး(၄၂၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးကြီး(V2/V6) ယခင်တစ်ပတ်တစ်တင်းဈေး(၄၄၀၀၀)ကျပ် ယခုတစ်ပတ်တစ်တင်း ဈေး(၄၅၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ စွန်တာနီ(ကျွန်း)တစ်တင်းဈေး(၄၁၅၀၀)ကျပ်၊ ပဲတီစိမ်းကြီးတစ်တင်းဈေး(၄၈၅၀၀)ကျပ်၊ ပြောင်းဖူးစေ့(CP) တစ်တင်းဈေး (၁၇၁၀၀)ကျပ် ဖြင့် ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

          ပဲမျိူး စုံအရောင်းအဝယ် အားဖြင့် ပဲစဉ်းငုံနီ(၄၀၀)အိတ်၊ ကုလားပဲဖြူလုံးကြီး(V2/V6)(၅၁၀)အိတ်၊ ကုလားပဲဝါလုံးကြီး (929)(၅၀၀)အိတ်၊ စွန်တာနီ(ကျွန်း)(၈၅၀)အိတ်၊ ပဲဇီးကွက်(၁၃၀၀)အိတ်၊ ထောပတ်ပဲဖြူ (ကျွန်း/ယော)(၁၇၅၀)အိတ်၊ ပြောင်းဖူးစေ့(CP)(၁၃၆၅)အိတ်၊ ပဲတီစိမ်းကြီး (၁၂၅၀)အိတ် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပြီး တင်ပို့မှုအနေဖြင့် ရေလမ်းကြောင်းမှ ပဲစဉ်းငုံနီ (၄၄၀၀၀)အိတ်တင်ပို့မှုရှိကြောင်း ကုန်တင်ကုန်ချဌာနမှ သိရှိရပါသည်။

DOCA(ပဲခူး)