လူကြိုက်များသည့် ကယားရိုးရာဝက်အူချောင်း

Powered by Drupal

            ကယားပြည်နယ်၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် ဒေသထွက်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားသည့် ကယားရိုးရာ ဝက်အူချောင်းမှာ နာမည်ကြီးလှပါသည်။ ကယား ဝက်အူချောင်းကို ကယားလူမျိုးစုများ မရှိမဖြစ် အသုံးပြုသည့်ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဒေသထွက် မက်ခါသီး ၊ တောင်ပေါ်ငရုတ်သီး၊ တောင်ပေါ်ဝက်သား၊ ဝက်အူတို့ဖြင့် ပြုလုပ်ထားသည့် ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါသည်။ ဝက်အူအစစ်ဖြင့် အရသာရှိရှိ ကင်ထားပြီး ဓာတုဆေး လုံးဝမပါဘဲ လေလုံအောင် သေချာထုတ်ပိုးထားသဖြင့် တစ်ပတ်ခန့် အထားခံကြောင်း ၊ မိသားစုစားသုံးရန်၊ လက်ဆောင်ပေးရန်အဖြစ် လှပခေတ်မှီသောထုပ်ပိုးမှုဖြင့် ပြုလုပ်ထား၍ အသင့်စားသုံးနိူင်သော ကယားဝက်အူချောင်းကို အခြားမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ယခုလက်ရှိ ဈေးကွက်အတွင်း ကယားဝက်အူချောင်း ဈေးနှုန်းမှာ (၂၀) ကျပ်သားလျှင် (၈၀၀၀) ကျပ် ၊ (၂၅) ကျပ်သားလျှင် (၁၀၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး ယခင်နှစ် ကယား ဝက်အူချောင်း (၂၀) ကျပ်သားလျှင် (၅၀၀၀) ကျပ် ၊ (၂၅) ကျပ်သားလျှင် (၈၀၀၀) ကျပ် ဈေးသာရှိခဲ့ကြောင်း ၊ ဈေးနှုန်း အနည်းငယ် တက်လာရခြင်းမှာ ကုန်ကြမ်းဖြစ်သည့် ဝက်သားဈေးနှုန်းမှာ ယခင်နှစ် ဝက်သား တစ်ပိဿလျှင် (၉၀၀၀) ကျပ် ဈေးမှ ယခုနှစ် ဝက်သားတစ်ပိဿလျှင် (၁၃၀၀၀) ကျပ် ဈေးထိ မြှင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ဝက်အူချောင်း ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)