စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်စည်များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ရေနံချောင်းမြို့မဈေးအတွင်း ရောင်းချနေသော ကုန်စည်များအား ဌာနမှသတ်မှတ်ထားသော ဥပဒေပါကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်လုပ်ရောင်းချဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက် ဖြစ်စေရေးသားဖော်ပြထားသော ကုန်စည်များကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ အခက်အခဲရှိပါက “စားသုံးသူရေးရာဦးစီးဌာန”သို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/ ၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)