ကန့်ဘလူခရိုင်၏ ကွမ်းရွက်ဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေး ပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀၀ မှ ၂၀၀၀၀ ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(သေး)တစ်ပိဿာ လျှင် ငွေကျပ် ၁၀၀၀၀ ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့ ၊ ကျွန်းလှမြို့ နှင့် မန္တလေးမြို့များ သို့တင်ပို့ရောင်းချလျက်ရှိပြီး ယခင်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့် နှိုင်ယှဉ်ပါက ယခုလဒုတိယပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၊ ကွမ်းရွက် (ကြီး)တစ်ပိဿာလျှင်ငွေကျပ် ၁၀၀၀၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ကျဆင်း သွားကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)