ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများတွင် ဒေသခံတောင်သူများသည် ဒန့်သလွန်သီးပင်များကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝန်းထဲတွင် တနိုင်စိုက်ပျိုးထားကြသည်။ ဒန့်သလွန်သီးများကို ဒေသခံတောင်သူများမှ အပိုဝင်ငွေရရှိရန်အတွက် ဘားအံမြို့ပေါ်ဈေးများတို့ လာရောက်ရောင်းချကြသည်။ ဒန့်သလွန်သီးကို ငါးရံ၊ ငါးခြောက်တို့နှင့် ချက်စားနိုင်သလို ဟင်းရောဟင်းချက်ရာတွင်လည်း ထဲ့ချက်စားသုံးကြသည်။ ဒန့်သလွန်ပင်သည် ပစ်စရာမရှိအောင်တစ်ပင်လုံး လူတို့၏ကျန်းမာရေးကို ကောင်း ကျိုးပြုသည့်အတွက် စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ အသုံးဒန့်သလွန်သီးဈေးနှုန်းများမှာ ယခင် ဒီဇင်ဘာလတွင် ဒန့်သလွန်သီး တစ်တောင့်လျှင်(၅၀၀)ကျပ်၊ သုံးတောင့်လျှင် (၁၃၀၀) ကျပ်နှုန်း နှင့် ယခု ဇန်နဝါရီလ ဒန့်သလွန်သီး လှိုင်လှိုင်ပေါ်ချိန်တွင် ဒန့်သလွန်သီး တစ်တောင့်လျှင် (၄၀၀) ကျပ်၊ သုံးတောင့်လျှင်(၁၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကရင်)