နေကြာကို သီးသန့််၊သီးညှပ်(၂)မျိုးစိုက်ပျိုးနိုင််သည်။ လယ်မြေများတွင် စပါးရိတ်သိမ်း အပြီး တွင် စိုက်ပျိုးကြသလို၊ ယာမြေများတွင် မိုးသီနှံရိတ်သိမ်းပြီးချိန််များတွင် စိုက်ပျိုးကြသည်။ မိတ္ထီလာခရိုင် တွင် နေကြာကို မိုးရာသီနှင့်ဆောင်းရာသီမျာတွင် စိုက်ပျိုးကြသည်။ မိုး(နေကြာ)ကို (၃၇၄၇)ဧက စိုက်ပျိုးကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နေကြာကို အကောင်းဆုံးစိုက်ပျိုးချိန်မှာ စက်တင်ဘာလ/ အောက်တိုဘာလဖြစ်သော်လည်း မြေအစိုဓာတ်လုံလောက်စွာရှိပါက နိုဝင်ဘာ/ ဒီဇင်ဘာလများအထိ စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။
(၁)ဧကလျှင် မျိုးစေ့(၄)ပြည်မှ (၅)ပြည််ထိ စိုက်ပျိုးကြပြီး အတန်းအကွာအဝေးမှာ (၂)ပေနှင့် ပင်ကြား အကွာအဝေး(၉)လက်မခန့််ရှိကြောင်း၊(၁)ကျင်းလျှင် မျိုးစေ့(၂)စေ့မှ (၃)စေ့နှုန်း စိုက်ပျိုးကြပြီး အပင်သက်တမ်း(၁၅)ရက်သားအတွင်း (၁)ကျင်းလျှင် (၁)ပင်နှုန်းချန်၍ သားခွဲစိုက်ပျိုးရကြောင်း သိရှိရပါသည်။
မြေဩဇာအအနေဖြင့် သဘာဝဓာတ်မြေဩဇာများထည့်သွင်းပေးရန်လိုအပ်ပါသည်။ သဘာဝ မြေဩဇာဖြစ်သည့် နွားချေး၊ကြက်ချေး(သို့)သဘာဝမြေဆွေးများကို မြေမပြုပြင်မီ (၁)ဧကလျှင် လှည်း(၅)စီး(၇)စီးခန့်ထည့်၍ ပြုပြင်ရပါကြောင်း၊နေကြာပွင့်၏ ပွင့်ဖတ်အုံအဝါရောင်ပြောင်းသွားပြီး ပန်းပွင့်တစ်ဝိုက်ရှိအရွက်များ အညိုရောင်သို့ပြောင်းသွားချိန်တွင် ရိတ်သိမ်းရပါကြောင်း၊ ယခုအချိန်တွင် နေကြာသီးနှံစိုက်ခင်းများမှာ အပွင့်များဝေဝေဆာဆာ ဖြင့်ပွင့်လန်းအောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီးနေကြာ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်ဈေးနှုန်းများ ကောင်းမွန်ပါက အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နေကြာစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)