မန္တလေးစျေးကွက်အတွင်းသို့ မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုးအစားများမှာ ငွေနှင်းမှုံမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ရှီတာကီမှို၊ တောင်ပို့မှို၊ ဝါးမှိုများ ဖြစ်ပါတယ်။ စျေးကွက်အတွင်း သဘာဝအတိုင်းထွက်ရှိသည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုး တွေ့ရှိရ ပါတယ်။ မန္တလေးဒေသအတွင်း စိုက်ပျိုးထွက်ရှိသည့်မှိုအမျိုးမျိုးတို့အား တစ်နှစ်ပတ်လုံးတွေ့ရှိရပြီး၊အများဆုံးတွေ့ရသော မှိုအမျိုးအစားများဖြစ်သည့် ငေွနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှိုတို့မှာ အရောင်းသွက်ကြောင်းသိရှိရပါသည်။ မှိုများကို အစိုအတိုင်းရောင်းချခြင်း၊ အခြောက်ခံ၍ရောင်းချခြင်း၊ လူသုံးကုန်နှင့် စားသောက်ကုန်တို့တွင် ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါသည်။ မှိုအစားအစာမှာ ကျန်းမာရေးအဟာရဓာတ်စာတစ်မျိုးဖြစ်ပြီး၊ ဗီတာမင်နဲ့သတ္ထုဓာတ်တွေအပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant တွေ အများအပြားပါဝင်ခြင်း၊ အရေးပြားပေါ်မှဆဲလ်သေများ အစားဆဲလ်အသစ်ဖြစ်ပေါ်စေခြင်း၊ အမျှင်ဓါတ်နဲ့ မပြည့်ဝဆီတွေပေါကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု နည်းခြင်း၊ ဗီတာမင်B အုပ်စု၊ အသားအရေအတွက် ကောင်းကျိုးများစွာပေးနိုင်တဲ့ ဗီတာမင် D နဲ့ ပိုတက်စီ ယမ်ဓါတ်အများအပြားပါဝင်ခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊အင်ဇိုင်းနဲ့ ကစီဓာတ်များပါဝင်ခြင်း၊ ဘေးဥပါဒ် ဖြစ်စေတဲ့ အဆီနဲ့ ကိုယ်လက်စထရောတွေကိုလောင် ကျွမ်းစေခြင်း၊ သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အလုပ်လုပ်နိုင်ရန်အတွက် အထောက်အကူပြုသည့် အစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ မှိုအစားအစာကို အသုတ်စုံ၊ ချက်စား၊ ကြော်စားပုံစံအမျိုးမျိုးဖြင့် တွေ့ရှိရပြီး၊ကျန်းမာရေးဓါတ်စာဆေးအဖြစ်လည်းကောင်း အမျိုးမျိုးသုံးစွဲကြောင်း သိရပါသည်။ ဇန်နဝါရီလဒုတိယပတ်အတွင်း မန္တလေးစျေးကွက်တွင် မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး ၅၅၀ဝိ/-စျေး၊လက်လီစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင် လက္ကားစျေး ၇၀၀ဝိ/-၊လက်လီ စျေး ၈၀၀ဝိ/- နှင့် ၉၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့်လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင် ၃၅၀ဝိ/- စျေး အသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်း မန္တလေးမြို့၊ ၄၁ လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းစျေးအတွင်း မှိုရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း အများဆုံးတွေ့ရသည့် ငွေနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှိုအမျိုးအစားများမှာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါတယ်။ မှိုမှာ ပြည်တွင်းစျေးကွက်အတွင်း လိုအပ်ချက်များပြားသည့် အမျိုးအစားတစ်မယ်ဖြစ်ပါကြောင်း သိရှိရပါသည်။