တောင်ငူမြို့ ဝန်ထမ်းအိမ်ရာတွင် အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများ ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် တောင်ငူမြို့ အမှတ်(၁၈)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ဝန်ထမ်းအိမ်ရာ၌ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင်  ရောင်းချပေးခဲ့ပါသည်။

              တောင်ငူခရိုင် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းသည် ဆန်တစ်ပြည် လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဆန် ၁၅ အိတ်ကိုလည်းကောင်း၊  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက စားအုန်းဆီတစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ဆီ ၂၂၀ ပိဿာကိုလည်းကောင်း ရောင်းချပေးပါသည်။

              ထို့အတူ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများကလည်း အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဦးဉာဏ်လင်းအောင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး ကြောင်း သိရပါသည်။

DOCA(ပဲခူး)