
ဧရာဝတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် ကြံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြေအောက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကြံသီးနှံကို ယခင်နှစ်က စိုက်ဧက ၂၅ ခန့် စိုက်ပျိုး၍ ယခုနှစ်တွင် စိုက်ဧက ၅၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။
မျိုးအနေဖြင့် ကြံညိုမျိုးကို စိုက်ပျိုးပြီး ယခုစိုက်ဧက ၀.၅၀ဧကအား ကြံမျိုးဈေး ငွေကျပ် ၁ပင်လျှင် ၁၀၀၀/-ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ စိုက်ခင်း ၃ခင်းရှိပြီး ၁ဧက၏ တစ်ဝက်ဖြစ်သော (၀.၅၀)ဧကတွင် ကြံပင် ၃၀၀၀ ပင် စိုက်ပျိုးထားကြောင်း၊ ကဆုန်လတွင် စိုက်ပျိုးပြီး တန်ခူးလအထိ ထွက်ရှိသောကြောင့် ကြံပင်၏သက်တမ်းမှာ တစ်နှစ်သက်တမ်းရှိသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ၊ ရေတင်ခ အပါအဝင် ဧကဝက်တွင် ငွေကျပ် ၂ ၀၀၀ ၀၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ကြံစိုက်ခင်း အထွက်နှုန်းအနေဖြင့် စိုက်ခင်းအပင် ၄၀၀၀ခန့် ပွား၍ ထွက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် စက်တင်ဘာလမှ စတင်ရောင်းတန်းဝင်ပြီး ဒီဇင်ဘာနှင့် ၂၀၂၅ခုနှစ် ဇန်နဝါရီတွင် ကြံညိုတစ်ချောင်းလက်ကားဈေး ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းချရကြောင်း၊ ယခု စိုက်ခင်း ဧကဝက်တွင် ငွေကျပ် ၄ ၀၀၀ ၀၀၀ ရရှိ၍ တစ်နှစ်ကြံစိုက်ခင်း ငွေကျပ် ၂ ၀၀၀ ၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စံကင်းတိုက်နယ်၊ စကာကြီးတိုက်နယ်တို့သို့ ရောင်းချ ပြီး ၎င်းနေရာများမှ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ လပ္ပတ္တာမြိုသို့တင်ပို့ပြီး ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချကြောင်း၊ ရန်ကုန်မှ အခြားနယ်မြေများသို့လည်းတင်ပို့ကြောင်း သိရသည်။ ကြံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များ ပိုမိုရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုး လျက်ရှိကြောင်းလည်း သိရှိရပါသည်။
DOCA (ဧရာဝတီ)