
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော ပေါက်၊ ရေစကြို၊ ကမ္မ၊ ရေပြာနှင့် ဆိပ်ဖြူနယ်စသည့်ဒေသများတွင် ကြက်သွန်နီ မိုးစိုက်(ဥစိုက်)များ အများဆုံး စိုက်ပျိုးကြကြောင်း၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ရေစကြို၊ မြစ်ခြေ၊ ယောဒေသမှ မိုးစိုက် (ဥစိုက်)ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျသော နေရာဒေသတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ကြက်သွန်နီကုန်ဝယ်ဒိုင်သို့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၉၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဖြစ်ခဲ့ပြီး (ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အနိမ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀)ဖြစ်၍ (ပထမပတ်)နှင့်(ဒုတိယပတ်)နှိုင်းယှဉ်ပါက ကျပ်(၄၀၀)ခန့် ကျဆင်းနေသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဉ်အရောင်းအဝယ်ဖြစ်မှု ကုန်ချိန်မှာ တစ်နေ့လျှင် ပိဿာချိန်(၃၅၀၀၀-၅၀၀၀၀) အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်၊ မြဝတီနှင့် ဟင်္သတမြို့များသို့ တစ်ပတ်လျှင် ကုန်ချိန်(၅)သိန်းကျော် တင်ပို့နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)