ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီနှင့်ပဲလွန်းပြာများ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံဖြစ်သော ပဲစဉ်းငုံနီ၊ ကုလားပဲ အမျိုးမျိုး၊ ပဲယင်းနီ၊ ပဲလွန်းပြာ၊ စွန်တာ(နီ/ပြာ)၊ ပဲနီပြား၊ ပဲကြီးနှင့် အခြားပဲမျိုးစုံတို့ကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ပဲစဉ်းငုံနီကို စိုက်ပျိုးတောင်သူများအနေဖြင့် သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး ပဲလွန်းပြာကို ကျွန်းမြေများတွင် တစ်ကွင်းတစ်စပ် စိုက်ပျိုးကြကြောင်း သိရသည်။

          ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစဉ်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၉၈၅၀၀)ဖြစ်ခဲ့ပြီး (ဒုတိယပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၉၀၆၀၀)ဖြစ်၍ (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၇၉၀၀)ခန့် ကျဆင်းနေသော်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ တစ်နေ့လျှင် အိတ်(၅၀ မှ ၇၀၀ ထိ) အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲလွန်းပြာဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၈၀၀၀၀)ဖြစ်ခဲ့ပြီး (ဒုတိယပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တစ်တင်း လျှင် ကျပ်(၇၈၀၀၀)ဖြစ်၍ (ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀၀)ခန့် ကျဆင်းနေပြီး ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် တစ်နေ့လျှင် အိတ်(၅၀ မှ ၁၀၀ ထိ) ပုံမှန်အရောင်းအဝယ်ဖြစ်၍ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်သို့ အဓိကတင်ပို့နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)