စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ် တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥနှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီးဈေးနှုန်းများမှာ အလုံးအကြီး/ အသေး ပေါ်မူတည်၍ ပန်းသီးအကြီးရှယ်(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသေးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)