Main menu

ကန့်ဘလူမြို့၌ ရောင်းချနေသော ပန်းသီးဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ် တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥနှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီးဈေးနှုန်းများမှာ အလုံးအကြီး/ အသေး ပေါ်မူတည်၍ ပန်းသီးအကြီးရှယ်(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသေးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)