စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။
ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံများ၌ ကြက်သွန်နီအဟောင်းများဝင်ရောက်များ လက်ကျန်နည်းပါး၍ဝင်ရောက်မှုမရှိတောဘဲ (ဥစိုက်) ကြက်သွန်နီ အသစ် (မိတ်ပြန်)များ ဒီဇင်ဘာလလယ်ပိုင်း မှစတင်၍ ဝင်ရောက်လျက်ရှိရာ (ဥစိုက်) ကြက်သွန်နီ အသစ်များမှာ မိမိတို့ဒေသတွင်း ကျေးရွာများမှ စိုက်ပျိုးကြသော ကြက်သွန်နီအသစ်များအပြင် မုံရွာမြို့ပွဲရုံများမှ တစ်ဆင့်မှာယူ၍ ရောင်းချနေရကြောင်း ကြက်သွန်နီ ရောင်းချသော ပွဲရုံတစ်ခုမှ သိရသည်။
ရွှေဘိုမြို့သို့ (ဥစိုက်)ကြက်သွန်နီသစ်များ နေ့စဉ် ပိဿာ ၂၀၀၀မှ ၅၀၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး လက်လီ တစ်ပိဿာလျင် (အကြီး)၃၅၀၀ကျပ်၊ အလတ်(၂၈၀၀) ကျပ် နှင့် အသေး (၂၅၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
အရည်အသွေးအရ တာရှည်အထားမခံ၍ (ဥစိုက်) ကြက်သွန်နီသည် စိုက်ပျိုးမှု နည်းပါးပြီး၊ လှောင်လက်ပွဲရုံများမှ ဝယ်ယူမှုမရှိပဲ နေ့စဉ်အသုံးများသည့် အစားအသောက် ချက်ပြုတ်ရောင်းချသည့် စားသောက်ဆိုင်များနှင့် စားသုံးသူ အိမ်ရှင်မများမှ လက်လီ ဝယ်ယူလျက်ရှိသည့်အပြင် ကြက်သွန်နီ စိုက်ပျိုးမှုမရှိသော မြစ်ကြီးနား ၊ဝန်းသို၊ မိုးညှင်း ၊မိုးကောင်း စသည့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံတစ်ခုမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)