စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။
ယခင် ဇန်နဝါရီလ ပထမပတ်တွင် ဒေသထွက် ဇီးချိုသီးခြံမှ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဖောက်သည်ယူ၍ရောင်းချခြင်းနှင့် မန္တလေးမြို့တို့မှ ဇီးချိုသီး ပိဿာချိန်(၁၀)ပိဿာဝင် တစ်ဖာလျှင် (၂၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ဇီးချိုသီဈေးနှုန်း များမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်နှင့် ၇၅ ကျပ်သားခန့် တစ်ထုတ်လျှင်(၃၅၀၀)ကျပ်၊ ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ၂၅ကျပ် သားလျှင် (၁၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)