ကန့်ဘလူမြို့နယ်၏ရာသီစာ ထောပတ်ပဲ ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

           ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ဇန်နဝါရီလဒုတိယပတ်အတွင်း ထောပတ်ပဲ(၁)ပြည်လျှင် ၆၂၀၀ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၈၀၀ ကျပ်နှင့် နို့ဆီဗူး(၂)လျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ထောပတ်ပဲ(၁)ပြည်လျှင် ၁၅၀၀ကျပ်နှင့် ထော ပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၂၀၀ ကျပ်ကျဆင်းသွားကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)