၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်နေ့၊ နံနက်(၁၀း၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ ငါးဒိုင်များသို့သွားရောက်၍ ရေချို/ရေငံ ငါး များ၏ စျေးနှုန်းစျေးကွက် အခြေအနေများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့စစ်ဆေးရာတွင် ထားဝယ်မြို့ပေါ်တွင် ယခင် ဇန်နဝါရှိလ ပထမအပတ် စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက ငါးသလောက်ဥတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ စျေးနှုန်းအနည်းငယ် တက်လျက်ရှိပြီး၊ ငါးကြင်းဖြူ တစ်ပိသာလျှင် ၁၁၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ငါးကြင်းနီ တစ်ပိဿာလျှင် ၉၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ငါးခူတစ်ပိသာလျှင် ၉၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ အသီးသီးစျေးတက်လျက်ရှိပြီး ငါးတန်မှာ ၉၀၀၀ ကျပ်ဖြင့် စျေးနှုန်း တည်ငြိမ်နေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)