၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွား ရောက်၍ ဘိလပ်မြေစျေးနှုန်း၊ စျေးကွက်အခြေအနေများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ထားဝယ်မြို့ပေါ်တွင် ယခု ဇန်နဝါရှိလ ဒုတိယအပတ် စျေးနှုန်းများမှာ ကြံ့ နှစ်ကောင်(နီ)တစ်အိတ်လျှင် ၂၃၅၀၀ ကျပ်ဝန်းကျင်အထိ စျေးတက်လျက်ရှိပြီး စျေးနှုန်းတက်လာရခြင်း မှာ မန္တလေးတိုင်းဒေသကြီးမှ ဘိလပ်မြေများအား အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့်ဝယ်ယူလျက် ရှိပြီး ယခုအခါ အရောင်းကိုယ်စားလှယ်များသည် ဘိလပ်မြေစက်ရုံများမှ ခွဲတမ်းရရှိမှု နည်းပါးလာခြင်း၊ ဘိလပ်မြေအား ရေကြောင်းမှ သင်္ဘောဖြင့် သယ်ယူရာတွင် သင်္ဘောဝင်ရောက်မှုနည်းပါးခြင်း၊ ဒေသ တွင်းဝယ်လိုအား မြင့်တက်လာပြီး ရောင်းအားနည်းလာသဖြင့် စျေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်လာရ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)