ထားဝယ်မြို့ ကြက်သွန်နီစျေးနှုန်း/စျေးကွက်

Powered by Drupal

ထားဝယ်စျေးကွက်တွင် ယခုပတ်အတွင်း ကြက်သွန်နီစျေးနှုန်းမြင့်တက်နေကြောင်း ပွဲရုံနှင့် အိမ်ရှင်များထံမှ သိရှိရပါသည်။ ကြက်သွန်နီစျေးမှာ ပြီးခဲ့သည့်လပိုင်းက ၁၀ပိဿာဝင်တစ်အိတ် လျှင်အများဆုံးကျပ် ၂၉၀၀၀ကျော်အထိသာရှိသော်လည်း ယနေ့ထားဝယ်စျေးကွက်တွင် လေး သောင်းကျပ်အထိ ရောင်းချနေကြကြောင်း လောင်းလုံးမြို့နယ်မှ အိမ်ရှင်မတစ်ဦးထံမှ သိရှိရ ပါသည်။ ကြက်သွန်နီစျေးသည် ထားဝယ်မြို့တွင် တရိပ်ရိပ်တက်လာကြောင်း စားသုံး ကုန်စည်ရောင်းချသူ များထံမှ သိရှိရပါသည်။ ပြီးခဲ့သည့်နှစ် ကထိန်ရာသီဖြစ်သည့်အောက်တိုဘာလ တွင်ကြက်သွန်နီ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် နိုဝင်ဘာလတွင် (၄၀၀၀)ကျပ်၊ ကြက်သွန်နီ အဟောင်းပြတ်ချိန် ဒီဇင်ဘာလတွင် (၅၀၀၀)ကျပ်ထိ အမြင့်ဆုံးတက်သွားကြောင်း သိရှိရပါသည်။

 ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် ရပ်ကွက်စျေးငယ်များတွင်ယခုနှစ်တွင် ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၄၆၀၀)ကျပ်နှင့်(၅၀၀၀)ထိ ရှိကြောင်းသိရှိရပါသည်။  ထားဝယ်မြို့အတွင်းရှိ ကြက်သွန်နီဝယ်လိုအားမှာလည်း ယခင်နှစ်ထက် များလျက်ရှိကြောင်း စားသုံး ကုန်စည်ရောင်းချသူများမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)