တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် စီပီ(CP)ကြက်သားစျေးနှုန်းများ အနည်း ငယ်ကျဆင်းလာသဖြင့် အိမ်ရှင်မများအဆင်ပြေလျက် ရှိကြောင်းသိရှိရပါသည်။ ဗမာကြက်နှင့်စီပီ ကြက်သား ဆိုပြီး နှစ်မျိုး ရောင်းချလျက်ရှိရာ စီပီကြက်သားကိုသာ စားသုံးမှုပိုမိုများပြားပါသည်။ စီပီကြက်သည် အသားများခြင်း၊ ဗမာကြက်သားစျေးထက် စျေးချိုခြင်းတို့ကြောင်း စားသုံးသူများပါ သည်။
ယခင်လများတွင် စီပီကြက်သားစျေးများ မြင့်တက်လာရာ ယခုဇန်နဝါရီလ ပထမပတ်တွင် စီပီကြက်သားစျေးမှာအနည်းငယ်ကျဆင်းလာပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စီပီကြက်သား စျေးမှာ တစ်ပိသာလျှင် ကျပ်(၂၂၀၀၀) အထိရှိပါသည်။
ယခု ဇန်နဝါရီလတွင် စီပီကြက်သားစျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)အထိသိသိ သာသာကျဆင်းလာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ ကြက်သားရောင်းသူ တစ်ဦး ထံမှသိရှိရပါသည်။
DOCA(တနင်္သာရီ)