ကန့်ဘလူမြို့တွင် နှင်းသီး(ခေါ်)လောင်ကန်သီးများ စတင်ရောင်းချလျက်ရှိ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးများကို  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှဝယ်ယူ ရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

         နှင်းသီး(ခေါ်)လောင်ကန်သီးသည် အရည်ရွှမ်း၍ ချိုပြီးအရသာရှိသော အသီးဖြစ်သောကြောင့် သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရောင်းချနေသော နှင်းသီး(ခေါ်)လောင်ကန်သီးဈေးနှုန်းမှာ နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅) ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လောင်ကန်သီး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)