
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ရုံးအဆောက်အဦ၊ ဌာနပိုင်သိုရုံများ မီးအာမခံထားရှိမှုများနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးတာဝန်ခံနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံမှ စီမံနှင့်ငွေစာရင်းဌာနခွဲ တာဝန်ခံများနှင့် ဝန်ထမ်း များသည် မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးတာဝန်ခံအား ရုံးအဆောက်အဦ၊ သိုရုံများအား လိုက်လံပြသရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)