Main menu

ရုံးအဆောက်အဦ၊ သိုရုံများအား မီးအာခံထားရှိမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊  (၁၅:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ရုံးအဆောက်အဦ၊ ဌာနပိုင်သိုရုံများ မီးအာမခံထားရှိမှုများနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးတာဝန်ခံနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံမှ စီမံနှင့်ငွေစာရင်းဌာနခွဲ တာဝန်ခံများနှင့် ဝန်ထမ်း များသည် မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးတာဝန်ခံအား ရုံးအဆောက်အဦ၊ သိုရုံများအား လိုက်လံပြသရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)