ဆိပ်ဖြူ မန်ကျည်းမှည့်(အသစ်)များ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

            ဆိပ်ဖြူမြို့ ပတ္တမြားဈေးမြောက်ဘက်ရှိ မန်ကျည်းမှည့်ပွဲရုံများတွင် သီးနှံပေါ်စ ဇန်နဝါရီလမှ စ၍ ယခုမေလအထိ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ် ဒေသတွင်းရှိ နေရာအနှံ့အပြားမှ ဝင်ရောက်လျက်ရှိပြီး မန်ကျည်းမှည့် (အစေ့လွတ်/လုံးတည်းအစေ့ပါ) နှစ်မျိုး ဝင်ရောက်ကြောင်း၊ သီးနှံပေါ်စတွင် မန်ကျည်းမှည့်လုံးတည်း(၁)ပိဿာလျှင် (၁၃၀၀)ကျပ်၊ အစေ့ လွတ်(၁)ပိဿာလျှင်(၂၁၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ဖြည်းဖြည်းနှင့် ဈေးနှုန်းများ မြင့်တက်၍ ယခုမေလတွင် မန်ကျည်းမှည့် လုံးတည်း(၁)ပိဿာလျှင် (၁၆၅၀)ကျပ်၊ အစေ့လွတ် (၁)ပိဿာလျှင်(၂၅၅၀)ကျပ်၊ (ရှယ်)မန်ကျည်း(အစေ့လွတ်)(၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်ဧပြီလတွင် တစ်နေ့လျှင် မန်ကျည်း(အစေ့လွတ်) ပိဿာ (၁၀၀၀)၊ အစေ့ပါ ပိဿာ(၅၀၀)ခန့် နေ့စဉ်ဝင်ရောက်ကြောင်း၊ ယခုမေလတွင် မန်ကျည်းရာသီချိန် ကုန်ဆုံးခါနီး၍ အဝင်နည်းသွားကြောင်း၊ မန်ကျည်း(အစေ့လွတ်) ပိဿာ(၅၀၀)၊ လုံးတည်း ပိဿာ (၂၀၀)ခန့်ပွဲရုံသို့ဝင်ရောက်ကြောင်း၊ ဝင်ရောက်လာသော မန်ကျည်းမှည့်များကို ကျောက်ပန်းတောင်းမြို့သို့ ပြန်လည် ဖြန့်ဖြူးတင်ပို့ကြောင်း ကုန်သည်မှတစ်ဆင့် သိရှိရသည်။

DOCA(မကွေး)