ရာသီမရွေးဈေးကောင်းရနေသည့် သပြေငုတ်ဘုရားပန်း

Powered by Drupal

           ဘုရားကျောင်းကန်များတွင် ဘုရားပန်းလှူသည့်အခါ သပြေပန်းကို အများဆုံး ကပ်လှူလေ့ရှိကြပြီး လက်ရှိပြည်တွင်းပန်းဈေးကွက်တွင် မြန်မာသပြေဟုခေါ်သည့် အောင်သပြေညွန့်အပြင် သပြေငုတ်၊ အညွန့်လေးများ ရဲရဲတောက်လှနေသော အာဆီယံသပြေအစရှိသည့် သပြေပန်းမျိုးစုံကလည်း သူ့ ဈေးကွက်နှင့်သူ နေရာယူလျှက် ရှိပါသည်။

           သပြေပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရေကြိုက်သည့်အပင်အမျိုးအစားလည်းဖြစ်ကာ နှစ်ရှည်ပင်အမျိုးအစားလည်း ဖြစ်ပါသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် အခြားသီးနှံများစိုက်ပျိုးရာတွင် အကျိုးအမြတ်ရရှိရန် မသေချာသော်လည်း သပြေပန်းပင်သည် မိုးများပြီးရေဝပ်သည့် ဒဏ်ကိုခံနိုင်ရည်ရှိပြီး ရာသီဥတုပူပြင်းသည့်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော အပင်လည်းဖြစ်ပါသည်။ ထို့ပြင် သပြေစိုက်ပျိုးသူများ အပြိုင်ရိတ်သိမ်းသောကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားများလျှင်လည်း ဈေးကောင်းသည့်အချိန််ထိ စောင့်ဆိုင်းနိုင်သည့် နှစ်ရှည်သီးနှံပင်လည်း ဖြစ်သည်။ လက်လီဈေးကွက်တွင် ပင်စည်ကြီးထွားမှုအလိုက် ဈေးကောင်းရပြီး မကွေးမြို့တွင် သပြေ ငုတ်အကြီးတစ်ငုတ်လျှင် (၂၀၀ဝိ/-) မှ (၃၀ဝဝိ/-)ကြား ၊ အလတ်ငုတ်တစ်ငုတ်လျှင် (၁၅၀ဝိ/-) ၊ အသေး ငုတ်တစ်ငုတ်လျှင် (၇၀ဝိ/ မှ ၈၀ဝိ/ ) ကြား လက်လီရောင်းချလျှက် ရှိပါသည်။ သပြေပန်းများကို  မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာဘက်မှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုပ္ပါးဘက်မှလည်းကောင်း ဝင်ရောက်လျှက်ရှိပြီး ဈေးကွက်တွင် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)