“ဖူးစားပြာင်း(ဆောင်း)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

           ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စပါးကိုအဓိကထားစိုက်ပျိုးကြပြီး ကျေးလက်နေတောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြပါသည်။ ဆောင်းသီးနှံတစ်မျိုးဖြစ် သောဖူးစားပြောင်းသီးနှံကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် တနိုင်တပိုင်စိုက်ပျိုးကြရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြပြီး စဉ့်ကိုင်မြို့နယ်တွင် ဖူးစားပြောင်း(ဆောင်း) စိုက်ဧက အနေဖြင့်(၅၂၄)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ဖူးစားပြောင်း(ဆောင်း)ကို ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးပြီး စိုက်ပျိုးသောမျိုးများမှာ ထိုင်ဝမ်သကြားပြောင်းမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀)ကျပ်ဝန်းကျင် ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၅၀၀၀-၆၀၀၀)ဖူးခန့် ထွက်ရှိပါသည်။ ထိုင်ဝမ်သကြားပြောင်းဖူးမှာ ‌လူကြိုက်များသောကြောင့် စျေးကွက်တွင်အရောင်းသွက်ပြီး စျေးကောင်းရလျက်ရှိကြောင်း၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင်  ယခုလက်ရှိ  လက်ကားစျေး(ဂျွန်) (၄၀၀၀)ကျပ်  နှင့် လက်လီစျေးနှုန်းမှာ အဖူးကြီးတစ်ဖူးလျှင်     (၅၀၀) ကျပ်၊ အသေးတစ်ဖူးလျှင် (၄၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စျေးကွက်အနေဖြင့် မန္တ‌လေးကုန်စိမ်းပွဲရုံများသို့ သွားရောက်ရောင်းချကြပြီး အချို့ပွဲစားများမှလည်း ကျေးရွာစိုက်ခင်းအထိ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ တောင်သူများမှလည်း ရန်ကုန်၊ မန္တလေးလမ်းဘေးတွင်လည်း ရောင်းချကြကြောင်းသိရှိရပါသည် ။ အကျိုးအမြတ်အနေဖြင့် အထွက်နှုန်းနှင့် စျေးနှုန်းအပေါ်မူတည်ပြီး (၁၃-၁၅)သိန်း ဝန်းကျင်ခန့် မြတ်ကြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားစာများဖူလုံသည့်အပြင် ပြောင်းဖူးရိုးပင်များကိုလည်း ပြန်လည်ရောင်းချရပြီး ကာလတိုသီးနှံဖြစ်သည့်အတွက် တွက်ချေကိုက်သည့် သီးနှံဖြစ်သောကြောင့် ဖူးစားပြောင်းသီးနှံ ကိုပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည် ။

DOCA(မန္တလေး)