ငါန်းဇွန်မြို့နယ်တွင် ပဲစဉ်းငုံများ စတင်ရိတ်သိမ်း

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ပဲစဉ်းငုံလျာထားဧက( ၃၀၃၀၀ ) စိုက်ဧက    (၃၃၃၈၈ )ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရှိရသည်။ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော သရက္ကန်အုပ်စု၊ တမာပင်ကြီးအုပ်စု၊ စီထိန်းအုပ်စု၊ ငါန်းလွှန့်အုပ်စု၊ တောင်လယ်တောအုပ်စုနှင့် ဂျိုအုပ်စုတို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှစ၍ ပဲစဉ်းငုံများစတင်ရိတ်သိမ်းနေပြီဖြစ်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ယခုဇန္နဝါလ ဒုတိယပတ်တွင်တစ်တင်းလျှင် (၉၂၀၀၀) ကျပ်ဖြင့်ရောင်းချရကြောင်း သရက္ကန်အုပ်စုမှ တောင်သူဦးသိန်းလှိုင်၏ပြောပြချက်အရ သိရှိရသည်။ ယခင်နှစ် ကာလတူ ပေါ်ချိန်တွင် တစ်တင်း လျှင် (၁၂၀၀၀၀)ကျပ် ရောင်းချရပါကြောင်း၊ ယခုနှစ်တွင် ‌ဈေးအဖွင့်နည်းသော်လည်း နောက်ပိုင်းကာလများတွင် ဈေးနှုန်းမြင့်တက်လာနိုင်သည်ကို သုံးသပ်မိပါကြောင်း ပဲစဉ်းငုံစိုက်တောင်သူများ ထံမှ သိရှိရသည်။ ဒေသအနေဖြင့် ပဲစဉ်းငုံသီးနှံသည် မြေပဲ၊ နှမ်း တို့စိုက်ပျိုးချိန်တွင် သီးညှပ် စိုက်ပျိုးသောသီးနှံဖြစ်သည့်အတွက် စိုက်ပျိုးစရိတ်အနေဖြင့်(၃၀၀၀၀၀) ကျပ် ဝန်းကျင်ခန့်သာ ကုန်ကျမှုရှိခဲ့ပြီး  အထွက်နှုန်းအနေဖြင့် တစ်ဧက (၇) တင်းခန့် ထွက်ရှိကြောင်း သိရသည်။ လက်ရှိပေါက်ဈေးအရ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၃၀၀၀၀၀) ကျပ်ခန့် ရရှိနိုင်ကြောင်း သိရှိရသည်။ ယခင်နှစ်များက ကျောက်ဆည်မြို့၊ မန္တလေးမြို့များသို့ ရောင်းချသော်လည်း ယခုနှစ်တွင် မန္တလေးမြို့သို့သာရောင်းချကြောင်းနှင့် ဈေးကောင်းရရှိလာနိုင်မယ်လို့ ယုံကြည်ပါကြောင်းသရက္ကန်အုပ်စု အောင်ချမ်းသာကျေးရွာမှ ပဲစဉ်းငုံစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)