ခရမ်းချဉ်သီးစိုက်ပျိုးရေးနှင့်ဈေးကွက်၊ ဈေးနှုန်းအခြေအနေ

Powered by Drupal

             ခရမ်းချဉ်သီးကို မူလအစတောင်အမေရိကတိုက် ပီရူးနိုင်ငံတွင် စတင်စိုက်ပျိုးခဲ့သည်။ ခရမ်းချဉ်သီးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့်ရှမ်း ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးရောင်းချလျက်ရှိပါသည်။ ခရမ်းချဉ်သီးကို အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပါသည်။ အလယ်အလတ်ပိုင်းရာသီဉတုဖြစ်သည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ ရာသီဉတုအနည်းငယ် အေးသောဒေသများ တွင်ပိုမိုဖြစ်ထွန်းပါသည်။ ခရမ်းချဉ်သီးကို အဓိကအားဖြင့်တိုင်ထောင်မျိုးနှင့် တိုင်လွတ်မျိုးဟူ၍ စိုက်ပျိုးနည်း နှစ်မျိုးဖြင့်စိုက်ပျိုးပါသည်။ တိုင်လွတ်မျိုးကို အဓိကအားဖြင့်မိုးကင်းလွတ်သော ဆောင်းနှင့်နွေတို့တွင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးစိုက်ပျိုးရန် တစ်ဧကလျှင်မျိုးစေ့ ၁၀၀ဂရမ် နှုန်းဖြင့် အပင်ပေါင်း ၈၀၀၀မှ၁၀၀၀၀အထိ စိုက်ပျိုးကြသည်။ ခရမ်းချဉ်သီးကို အစိမ်းရောင်မှ အစိမ်းဖျော့ရောင်တို့မှ တစ်ဆင့်အဖြူ ရောင်များလာချိန်တွင် ခူးဆွတ်ရပြီးသယ်ယူပို့ဆောင်ရာတွင် အပျက်အစီးနှင့် နစ်နာဆုံးရှုူံးမှု များလည်းသက်သာပါသည်။ စနစ်တကျစိုက်ပျိုးထုတ်လုပ်မည် ဆိုပါက အလယ်ပိုင်းဒေသကုန်းမြေတွင်အထွက်နှုန်း၅၀၀၀မှ၈၀၀၀ပိဿာထိ ထွက်ရှိပြီး အင်းလေးဒေသတွင်ပိဿာပေါင်း၁၀၀၀၀ ကျော်ထိထွက်ရှိနိုင်ပါသည်။ ခရမ်းချဉ်သီးကို ထိုင်ဝမ်သီး၊ ကိုင်းသီး၊ ဗမာသီး၊အင်းသီး အစရှိသဖြင့် မျိုးစိတ်ပေါင်းများစွာကို စိုက်ပျိုးလျက်ရှိပါသည်။ မန္တလေးဈေးကွက်အတွင်း အင်းသီး တစ်ပိဿာလျှင်(၂၂၀၀-၃၀၀၀) ကျပ်၊ဗမာသီး တစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀) ကျပ်၊ထိုင်ဝမ်သီး(၂၀၀၀-၂၅၀၀)ကျပ်၊ကိုင်းသီး(၂၅၀၀-၃၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)