ခရမ်းချဉ်စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

            နတ်တလင်းခရိုင်သည် စပါး၊ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများကို စိုက်ပျိုးသည့်အပြင် စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ခရမ်းချဉ် သီးကို မိုးများသောအရပ်ဒေသများတွင် စိုက်ပျိုးသောအခါ နေအလင်းရောင်နည်းခြင်း၊ ရောဂါပိုးမွှား များကျရောက်မှုများခြင်း၊ ပေါင်းမြတ်ထူ၍ ရေဝပ်ခြင်းစသောအချက်များကြောင့် အသီးအောင်မြင်မှု နည်းပါးတတ်ပါသည်။ ခရမ်းချဉ်မျိုးစေ့များစတင်ပျိုးထောင်သောအခါ ဘောင်ပေါ်တွင်အစေ့ကို အတန်းလိုက်ဖြစ်စေ၊ ကြဲပတ်၍ဖြစ်စေ ပျိုးထောင်တတ်သောကြောင့် ပြောင်း‌ရွှေ့စိုက်ပျိုးရန် နှုတ်ယူသောအခါ ပျိုးပင်၏အမြစ်များပြတ်ထွက်သည်အထိ ဒဏ်ရာမှတဆင့် ဘက်တီးရီးယား ပင်ညိုးရောဂါ၊ အမြစ်ပုပ်မှိုရောဂါများ ဝင်ရောက်တတ်ပါသည်။ ထိုရောဂါများမဖြစ်ပွားရအောင် အိတ်(သို့မဟုတ်)ပျိုးဗန်းများဖြင့် ပျိုးထောင်ရပါမည်။ ပျိုးထောင်ထားသော ပျိုးပင်များကို (၂၀)ရက် သားလောက်တွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ခရမ်းချဉ်သီးကိုအများအားဖြင့် မြေပြင်တွင် စိုက်ပျိုးကြသောကြောင့် မိုးများသောအခါ အမြစ်များပုပ်ပြီးသေတတ်ပါသည်။ မြေယာပြုပြင် ရာတွင်လည်း ရေသွင်းရေထုတ်လွယ်ကူပြီး မြေဆီမြေဩဇာကောင်းမွန်သော မြေမျိုးကိုရွေးချယ်ရပါ မည်။ ထယ်ရေးနက်နက် ထွန်ရေးညက်အောင်ဆောင်ရွက်ရမည်။ ထွန်ရေးညက်လျှင် ကြမ်းရိုက်ပြီး (၃)လက်မကြောင်းများဆွဲ၍ ဘောင်များပြုလုပ်ပါ။ ရေသွင်းရေထုတ်လွယ်ရန် ဘောင်များကို ၂၀ လက်မလျှင် ရေကာတာတုံးတစ်တုံးဖြတ်ပေးပါ။ ဘောင်နှင့်ပျိုးထောင်ပါက (၃)ပေဘောင်များ ပြုလုပ်ပြီး ပျိုးဘောင်တွင် နွားချေးဆွေး၊ မြေဆွေး၊ စက်ဖွဲပြာနှင့် အခြားလိုအပ်သော မြေဩဇာများ ထည့်သွင်း၍ ဘောင်များကိုညီညာအောင်ပြုလုပ်ပေးရပါမည်။ ဘောင်ပေါ်တွင်စိုက်ကြောင်းများဆွဲ၍ မျိုးစေ့များကိုညီညာစွာချပေးရမည်။ ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင့်မှည့်ချိန်အထိ သင့်တော်မည့်အဆင့်တွင် ခူးဆွတ်ရန်လိုအပ်ပါသည်။ ခရမ်းချဉ်သီးအစိမ်းရောင်မှ အစိမ်းဖျော့ ထိုမှ တဆင့်အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးစျေးကွက်သို့တင်ပို့သောအခါ လမ်းခရီးတွင် အပျက်အစီးဆုံးရှုံးမှုနည်းမည်ဖြစ်သည်။  ရာသီအလိုက်သီးနှံများကို စိုက်ပျိုးသည့်အပြင် ခရမ်းချဉ် သီးကို ရာသီအရွေးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၂) လခွဲ အချိန်တွင် ခရမ်းချဉ်သီးများ စတင်ခူးဆွတ်နိုင်ပါသည်။ (၁) ဧက ကုန်ကျစရိတ်အနေဖြင့် (၅၀၀၀၀၀-၆၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် စနစ်တကျစိုက်ပျိုးလျှင် (၅၀၀၀-၈၀၀၀) အထိထွက်ရှိကြောင်း ခရမ်းချဉ်သီးစတင်ပေါ်ချိန်တွင် ဈေးကောင်းရရှိပြီး ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ် ချိန်တွင် ဈေးနှုန်းကျဆင်းသွားကြောင်းသိရှိရပါသည်။ ခရမ်းချဉ်သီး (၁) ပိဿာလျှင် (၂၀၀၀) ကျပ် အထိရောင်းဝယ်လျက်ရှိကြသည်။ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၃)သိန်း ခန့်ရရှိ နိုင်ကြောင်း သိရှိရပါသည်။ ရောင်းဝယ်မှုအနေဖြင့် နတ်တလင်းမြို့အနီးရှိကျေးရွာများနှင့် ရန်ကုန်ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)