စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။
ကန့်ဘလူမြို့မ စည်ပင်သာယာဈေးအတွင်း ဒေသတွင်းခါကြက်ဥများကိုသာမက ခါကြက်ဥ (တရုတ်) ဥကြီးများလည်း မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှတဆင့် ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းများ အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ် ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)ဥသေး တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းများ အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)