စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့ မြို့မဈေး တွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ပန်းဂေါ်ဖီများကို ယခင်လ များတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး/အသေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေး နှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည် ရောင်းချသည့် ဈေးနှုန်းမှာ ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ် မူတည်၍ တစ်ပွင့်လျှင်(၁၅၀၀/၁၈၀၀/၂၀၀၀/၂၅၀၀/ ၂၈၀၀)ကျပ် ဈေးနှုန်းများဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့်လျှင် (၁၅၀၀/ ၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင် ဒုတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCAစစ်ကိုင်း)