ကန့်ဘလူမြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းမျိုးစုံ ဈေးနှုန်းဈေးကွက်

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ ဂေါ်သဇင်ပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်းဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ(အပွင့်ကြီး)တစ်စီးလျှင် ကျပ်(၁၅၀၀) ၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီးလျှင် ကျပ်(၁၀၀၀)၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် ကျပ်(၁၀၀၀/၁၅၀၀)၊ အောင်သပြေအခက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ အာစီယံ အခက် တစ်စီးလျှင် ကျပ်(၅၀၀)၊ မေမြို့ပန်း တစ်စီးလျှင် ကျပ်(၁၀၀၀) နှင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်ကျပ် (၁၅၀၀) တို့ဖြင့်ရောင်းချလျက်ရှိပြီး     ယခု  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ (အပွင့်ကြီး)တစ်စီးလျှင် ကျပ်(၁၅၀၀) ၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီးလျှင် ကျပ်(၁၀၀၀)၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် ကျပ်(၁၀၀၀/၁၅၀၀)၊ အောင်သပြေအခက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ အာစီယံ သပြေအခက် တစ်စီးလျှင် ကျပ်(၅၀၀)၊ မေမြို့ပန်း တစ်စီးလျှင် ကျပ်(၁၀၀၀) နှင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်ကျပ် (၁၅၀၀) တို့ဖြင့် ရောင်းချလျှက်ရှိ‌သောကြောင့် ယခင်  ဇန်နဝါရီလ (ဒုတိယပတ်)ဈေးနှုန်းဖြင့် နှိုင်ယှဉ်ကြည့်မည်ဆိုပါက ပြောင်းလမှုမရှိ တည်ငြိမ်လျက်ရှိပါကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)