ပဲမြစ်သည် ပဲစောင်းလျားသီးပင်ရဲ့ အမြစ်ဖြစ်ပြီး ပဲမြစ်ပြုတ်သည် ကျန်းမာရေးအတွက်ကောင်းမွန်၍ စားသုံးသင့်သော ရာသီစာတစ်မျိုးဖြစ်ပါသည်။ ကယ်စီယမ်ဓာတ် များစွာပါဝင်တာကြောင့် အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။ ဆီးချိုလျော့ကျစေခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါများနှင့် အထူးသင့်လျောပါသည်။ ကိုယ်ခံအားစနစ်ကောင်းမွန် စေပြီး ပရိုတင်းဓာတ်များစွားပါဝင်၍ ခန္တာကိုယ်ကြွက်သားများ သန်မာစေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ မြလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် ရာသီစာပဲမြစ်များ ရောင်းချလျက်ရှိပါသည်။ မန်ကျည်းတောကျေးရွာမှ အဓိက ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရာသီပေါ်ဖြစ်သည့် ပဲမြစ် ဈေးနှုန်းများမှာ တစ်ပိဿာလျှင် လက်လီဈေး (၄၀၀၀)ကျပ်မှ (၄၂၀၀)ကျပ်ထိ ရောင်းချပြီး လက်က္ကားဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။
ယခုအခါ ပဲမြစ်များ ထွက်ရှိသည့်အချိန်ဖြစ်သောကြောင့် ပဲမြစ်စိုက်ပျိုးရာ မြို့နယ်အချို့မှ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း ပဲမြစ်ရောင်းဝယ်သူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)