အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

         အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၁၂.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၈.၅.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းပြာ၊ ဘိုကိတ်ပြာ၊ ပဲကြီးတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက် (၄၅)ပိဿာဝင် (၁)အိတ် ယခင်အပတ် (၁၇၅၀၀ဝိ/-) ယခုအပတ် (၁၇၀၀၀ဝိ/-) (၅၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံ(နီ)(၂၀)ပိဿာဝင် (၁)တင်း ယခင်အပတ် (၄၂၅၀ဝိ/-) ယခုအပတ်(၄၁၇၀ဝိ/-) (၈၀ဝိ/-) ဈေးလျော့၊ မတ်ပဲယခင်အပတ်(၄၅၅၀ဝိ/-) ယခုအပတ် (၄၅၀၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ်(၄၅၅၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၆၀၀ဝိ/-) ယခုအပတ်(၄၇၀၀ဝိ/-) (၁၀၀ဝိ/-) ဈေးမြင့်၊ မြေပဲလုံးဆံဖြူ ယခင်အပတ် (၃၉၅ဝိ/-) ယခုအပတ်(၄၀၅ဝိ/-) (၁၀ဝိ/-) ဈေးမြင့်ကာ အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းပြာ (၁၃၀)အိတ်၊ နှမ်းနက်(စမုံ) (၄၈၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၃၃၀)အိတ်၊ ကုလားပဲ(HL)(၉၃၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၂၀)အိတ်၊ ပဲကြီး(၃၃၀)အိတ်၊ မတ်ပဲ(၂၃၀)အိတ်၊ မြေပဲလုံးဆံဖြူ(၄၃၀)အိတ်၊ ဘိုကိတ်ပြာ(၁၃၀)အိတ် တို့ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၁၂.၅.၂၀၂၂) ယခုအပတ် (၁၈.၅.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)