လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင်ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုးမြို့များတွင် ဤရာသီဆောင်းတွင်းတွင် ရာသီစာပန်းမုန်လာအစိမ်းများ ထွက်ရှိသော ကာလ ပင်ဖြစ်သည်။ ဒေသအခေါ် မုန်လာပန်း/ဂေါ်ဖီပန်း /ပန်းမုန်လာအစိမ်းများ မှာ အခြား ပန်းမုန်လာများဖြစ်သော အဖြူ၊ အဝါ တို့ထက်ပိုနူးညံကာ ပိုစားကောင်းသည် ဟု ပန်းမုန်လာ ရောင်းချသူ တစ်ဦးမှ ရှင်းပြချက်အရသိရှိခဲ့ရပါသည်။ ထို့ကြောင့် ရာသီစာဖြစ်သော ပန်းမုန်လာများစွာ ထဲမှ အစိမ်းရောင်ရှိသောပန်းမုန်လာမှာ ပိုမိုအရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။ ထိုပန်းမုန်လာအစိမ်း မှာ အပွင့်အကြီး ၁ ပွင့် လျှင် ၃,၅၀၀ ကျပ် မှ ၄,၀၀၀ ကျပ် ၊လက်ကားဈေးမှာ ၁၀ပွင့် ၃၀,၀၀၀ကျပ် မှ ၃၅,၀၀၀ ကျပ် အထိ ၊အလယ်အလတ် ဆိုလျှင် ၁ပွင့် ၂,၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် လက်ကားဈေး ၁၀ ပွင့် ၂၀,၀၀၀ ကျပ် မှ ၂၅,၀၀၀ ကျပ် အထိ၊ အသေး တစ်ပွင့်လျှင် ၁၅,၀၀ ကျပ်မှ ၈၀၀ ကျပ်၊လက်ကားဈေး ၁၀ ပွင့် ၈,၀၀၀ ကျပ် မှ ၁၅,၀၀၀ ကျပ် အထိ အရောင်းသွက်လျက်ရှိကြောင်း ပန်းမုန်လာအစိမ်းရောင်းချသူထံမှ သိရှိခဲ့ရပါသည်။
DOCA(ရှမ်း)