ရွှေတောင်မြို့ရှိ သီဟိုဠ်စေ့ ဈေးနှုန်းဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြိုနယ်တွင် သီဟိုဠ်စိုက်ဧက (၃၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပါသည်။ သီဟိုဠ် တစ်ဧကလျှင် အပင်(၆၀) အထိစိုက်ပျိုးနိုင်ပြီး အထွက်မှာ ပိဿာ(၃၀) ခန့် ထွက်ရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် သီဟိုဠ်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ(၆၀) ခန့်ထွက်ရှိသဖြင့် ယခင်နှစ်ထက်စာရင် ယခုနှစ်မှာ ထက်ဝက်ခန့် အထွက်နှုန်း ကျဆင်းကြောင်း သိရပါသည်။ ထိုသိုအထွက်နှုန်းကျဆင်းရခြင်းမှာ သီဟိုဠ်ပင် အပွင့်ပွင့်ချိန်၌ မိုးများစွာရွာသွန်းသဖြင့် အထွက်နှုန်းကျဆင်းရခြင်းဖြစ်ပါသည်။  ယခုနှစ်တွင် သီဟိုဠ်စေ့အထွက်နှုန်းကျဆင်းပေမယ့် ရန်ကုန်မှအဝယ်ရှိသဖြင့် ဈေးမှာ ယခင်နှစ်ကထက်စာရင် ဈေးမြင့်လာပါသည်။

        အစိမ်းသီဟိုဠ်စေ့ ဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင် ၁၀၀၀-၁၅၀၀ကျပ်ဖြင့် ဈေးဖြစ်ခဲ့ပြီး ယခုနှစ်မှာ တစ်ပိဿာလျှင် ၃၀၀၀-၃၃၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ပါသည်။ သီဟိုဠ်စေ့ကို ရန်ကုန်မြို့နှင့် ဒေသတွင်းဈေးများတွင် ရောင်းချပါသည်။    သီဟိုဠ်စေ့အား ခူးဆွတ်ပြီး နေလှမ်း၍ ရောင်းချသလို အချို့မှာ အဆန်များထုတ်ယူပြီး လှော်၍ရောင်းချသည်များလည်း ရှိပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် သီဟိုဠ်စေ့ အဆန်များကို မုန်ဖုတ်ခြင်း၊ အစားအသောက်ဟင်းလျာများတွင် ထည့်သွင်း၍လည်း သုံးစွဲခြင်းများရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)