ဇီးသီးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသော်လည်း အပူပိုင်းဒေသ မန္တလေး၊ စစ်ကိုင်းနှင့်မကွေးနယ်ပယ်တွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းကြောင်းသိရှိရပါသည်။ ဇီးသီးပင်များ သည် ပူပြင်းခြောက်သွေ့သောရာသီဥတုကို နှစ်သက်သည်။ ဇီးသီးအများဆုံးထွက်ရှိသောရာသီမှာ ဆောင်းရာသီဖြစ်သည်။
ဇီးသီးတွင် ရေဓာတ်များစွာပါဝင်ပြီး ချိုအေးသောအရသာရှိသည်။ ဇီးသီးအမျိုးပေါင်းများစွာရှိ ပြီး ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီးပဲလှော်၊ ဇီးကြက်ဥ ဟူ၍အမျိုးအစားများစွာရှိပါသည်။ ဇီးသီးတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါရှိသည့်အတွက် ဘေးဥပါဒ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါ ဝင်သောကြောင့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်ကိုတည်ငြိမ်စေသည့်အပြင် အခြားကျန်းမာရေး ကောင်းကျိုးများလည်းရှိနေကြောင်းသိရသည်။
သံဓာတ်နှင့်အမျှင်ဓာတ်ပါဝင်သောကြောင့် အာရုံကြောစနစ်တွေကိုပြေလျော့စေပြီး ကောင်းမွန် စွာ အိပ်ပျော်စေဖို့ အထောက်အကူပေးနိုင်ပါသည်။ ဇီးသီးကိုအစိမ်းလိုက်စားလို့ရသလို ဖျော်ရည်လုပ် ပြီး သောက်လို့ရသလို ဆား၊ ငရုတ်သီးမှုန့်လေးနဲ့အရသာမှုန့်ပြုလုပ်ပြီးလည်း စားလို့ရပါသည်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းဝေဒနာ မဖြစ်စေဖို့ကိုလည်း ကာကွယ်ပေးပါ သည်။
သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့်အရေးပြားကင်ဆာတွေ မဖြစ်စေဖို့အထောက်အကူ ပေးကြောင်းသိရသည်။ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန် စေပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးပါသည်။
ဗီတာမင်အေနှင့်စီ ပါဝင်သောကြောင့်ကိုယ်တွင်းအဆိပ်အတောက်ဖြစ်စေသောအရာများကို လည်း ဖယ်ရှားပေးပါသည်။ ဇီးသီးတွင် ကျန်းမာရေးအတွက် အကျိုးများတာမှန်ပေမယ့် အလွန်အကျွံ မစားသုံးသင့်ကြောင်းကိုလည်း သိရှိရပါသည်။
နေရာအနှံ့အပြားမှ ဇီးသီးများဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး ဇီးသီးအရွယ်အစား အလိုက်ရောင်းချလျက်ရှိရာ လက်ရှိဈေးနှုန်းများမှာ ဇီးသီးအသေးကော်ခြင်းတစ်ခြင်းလျှင် (၂၀၀၀ )ကျပ်၊ ဇီးသီးအကြီး (၁၀)လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ်ဈေးဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)