စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူမြို့ နယ်အတွင်းရှိ ကျေးရွာမျာမှ ရာသီစာ မုံလာသီး(ခေါ်)မုံညှင်းသီးကို လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရ သည်။
မုံလာသီး(ခေါ်)မုံညှင်းသီးကို လူအများကြိုက်နှစ်သက်သော ရာသီစာသီးနှံတစ်မျိုးဖြစ်ပါသည်။ မုံလာသီး(ခေါ်)မုံညှင်းသီးကို အခြားသီးနှံများဖြစ်သည် ခရမ်းသီး၊ ပဲသီးတို့နှင့်ရောနှောချက်စားခြင်း၊ မုံလာသီး(ခေါ်)မုံညှင်းသီးကိုပုဇွန်ခြောက်နှင့်ကြော်စားခြင်း၊ မုံညှင်းဖူးနှင့်ပေါင်းစားခြင်း၊ မျှစ်ခြောက်နှင့် ရောနှောချက်စားခြင်း၊ မုံလာသီး(ခေါ်)မုံညှင်းသီးကိုပြုတ်ပြီး ငပိချက်နှင့်တို့စားခြင်းများနှင့် မိမိတို့ ကြိုက်နှစ်သက်သည့် ပုံစံမျိုးဖြင့် စားသုံးနိုင်သော သီနှံဖြစ်ပြီး ယခု ဇန်နဝါရီလတွင် ဈေးကွက် အတွင်းသို့ စတင်ဝင်ရောက်လာခြင်းဖြစ်ပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မုံလာသီး(ခေါ်)မုံညှင်းသီး ဈေးနှုန်းများမှာ မုံလာသီး(ခေါ်)မုံညှင်းသီး တစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ မုံလာသီး(ခေါ်)မုံညှင်းသီး နို့ဆီ(၄)ဘူး လျှင်(၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)