ဆလပ်ရွက်ထုတ်ကို ဒေသမရွေးစိုက်ပျိုး၍ရနိုင်ပါသည်။ အထုတ်မျိုးနှင့် အရွက်ပြန့်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ ဆလပ်ရွက်အရောင်မှာ အစိမ်းရောင်နှင့် အနီရောင်ဟူ၍ ရှိပါသည်။ ဆလပ်ရွက်၏ အရသာမှာ ခါးသက်သက်အရသာရှိပါသည်။ ဆလပ်ရွက်ကို စိုက်ပျိုးရာတွင် မျိုးစေ့အား အပင်ပေါက်ဖြစ်အောင် ပျိုးထောင်ပြီးမှ စိုက်ပျိုးခြင်း၊ မျိုးစေ့များအား တိုက်ရိုက်စိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးနည်းဖြင့်လည်း စိုက်ပျိုး၍ရနိုင်ပါသည်။
ဆလပ်ရွက်ပုံသဏ္ဍာန်မှာ အရွက်တွန့်တွန့်လေးနဲ့ ခပ်ဖားဖားအရွက်လေးများရှိပြီး အစိမ်းနု ရောင်ရှိပါသည်။ ဆလပ်ရွက်ပင်သည် ယခုအချိန်တွင် ရာသီပေါ်စာဖြစ်ပါသည်။ ဆလပ်ရွက်များကို စိုက်ပျိုးထွက်ရှိသည့် ဒေသများမှာ ပြည်ဒေသအနီးရှိ မှော်ဇာကျေးရွာတွင် အများအပြားစိုက်ပျိုး ကြပြီးထွက်ရှိလာသည့် ဆလပ်ရွက်ပင်များကို ကုန်စိမ်းဒိုင်များမှ အခင်းပြတ်ဝယ်ယူပြီး ၎င်းကုန်စိမ်း ဒိုင်များမှတဆင့် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသည့် ကုန်စိမ်းဆိုင်များမှ လာရောက်ဝယ် ယူခြင်း၊ ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးများသို့ ကုန်တင်ကားများဖြင့် တင်ပို့ရောင်းချခြင်းများ လည်းရှိပါသည်။ ဈေးကွက်အတွင်း ရောင်းချရာတွင် ဆလပ်ထုတ်အပင် ၁ပင်လျှင် (၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)