ပြည်ဒေသ၏ပန်းဂေါ်ဖီစိမ်းဈေးကွက်

Powered by Drupal

          ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းကို ဆောင်းတွင်းကာလဖြစ်သော စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီလအတွင်း စတင်ထွက်ရှိပါသည်။ ပန်းဂေါ်ဖီစိမ်းကို အောင်ဆန်းပြည်သာယာဖက်ရှိ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သောနှုန်းမြေတွင် စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင်မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကိုစိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းတစ်ဧကလျှင် မျိုးအလိုက်ကွာခြားပြီး မျိုးကောင်းလျှင် ကောင်းသလို တစ်ဧကလျှင်ပျမ်းမျှ ၅-၆ တန်ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ပန်းဂေါ်ဖီစိမ်းဈေးကွက်အနေဖြင့် ယခုအချိန်တွင် ဈေးကောင်းရနေပြီး ယခင်ကပန်းပွင့်အကြီး တစ်ပွင့်လျှင် ၈၀၀-၉၀၀ကျပ်၊ အသေးတစ်ပွင့်လျှင် ၄၀၀-၅၀၀ကျပ်ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် ပန်းပွင့်ကြီး တစ်ပွင့်လျှင် ၁၅၀၀-၁၈၀၀ကျပ်၊ အသေးတစ်ပွင့်လျှင် ၈၀၀-၉၀၀ကျပ်ခန့် ရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသော ပန်းဂေါ်ဖီစိမ်းများကို ဒေသတွင်းစားသုံးသည့်အပြင် နယ်များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)