ပြည်ခရိုင်မှော်ဇာမြို့ရှိဟင်းသီးဟင်းရွက်များရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျှက်ရှိ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ မှော်ဇာကျေးရွာတွင်အုပ်စုတွင် ကျေးရွာခွဲ (၁၅)ရွာရှိပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့်ကျေးရွာ (၅)ရွာရှိရာ ရာသီအလိုက်ဟင်းသီးဟင်းရွက်များ အပြင် မုန်လာဥ၊ ကြက်သွန်နီ၊ သခွားသီး၊ ပြောင်းဖူးနှင့်ဒေါနပန်း များကိုလည်း စိုက်ပျိုးထား ကြောင်းသိရှိ ရပါသည်။ စိုက်ပျိုးထွက်ရှိသည့် ရာသီအလိုက်ဟင်းသီးဟင်းရွက်များကို မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက်အဝယ်ဒိုင် (၆)ခုသို့ သွားရောက်ရောင်းချကြပါသည်။ ဟင်းသီးဟင်းရွက် အဝယ်ဒိုင်များ မှာဟင်းသီးဟင်းရွက်စိုက်ပျိုးသောတောင်သူများထံမှ အခင်းပြတ် ဝယ်ယူခြင်း ဖြင့်လည်းကောင်း၊ မျိုး၊ စိုက်စရိတ်ကြိုတင်ငွေပေးခြင်းဖြင့်လည်းကောင်း၊ ပွဲစားများထံမှ လည်းကောင်း ဒိုင်အရောက် လာ‌ရောင်းချကြသည့် တောင်သူများထံမှလည်းကောင်း သီးနှံ ပေါက်ဈေး အလိုက်ဝယ်ယူ၍ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချ ကြောင်းသိရှိရပါသည်။

ဈေးနှုန်းဈေးကွက်အနေဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ မုန်လာဥ(၅)လုံးပါ တစ်တွဲလျှင် (၅၀၀)ကျပ်၊ ပြောင်းဖူးတစ်ဖူးလျှင် (၄၀၀-၅၀၀)ကျပ်၊ သခွားသီးတစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။

DOCA(ပဲခူး)