![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_153.jpg?itok=wRye2zjj)
တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများတွင် မိုးရာသီသီးနှံများကို တပိုင်တနိုင်စိုက်ပျိုး လျက်ရှိရာ ထွက်ရှိလာသော အသီးအနှံများကို ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးသို့ လာရောက် ရောင်းချလျက် ရှိကြပါသည်။
ယခုအခါတွင် ရုံးပတီသီးများပေါ်နေပြီဖြစ်ရာ ရုံးပတီသီး ၃ တောင့်ပါ အစည်းသေး ၁၀ စည်းလျှင် အစည်းကြီးတစ်စည်း စည်းပြီးလျှင် ၈၅၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက် ရှိပါသည်။ ပဲဇောင်းလျားသီးများလည်း ပေါ်နေပြီဖြစ်ရာ ၂၅ ကျပ်သားလျှင် ၈၀၀ ကျပ်၊ တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။
ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများမှာ ပေါ်ခါစဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်သော် လည်း လှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရ ပါသည်။
DOCA(ပဲခူး)