![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_99.jpg?itok=Ow4bQ1EJ)
မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရား ကျောင်းကန်များတွင် လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာ ကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအား ကောင်းလျက်ရှိကြောင်း သိရပါသည်။ အိမ်ခြံဝင်းများတွင် တပိုင်တနိုင်စိုက်ပျိုးကြသူများပြီး စီးပွား ဖြစ် စိုက်ပျိုးသူများလည်းရှိပါသည်။
သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စကသည်လည်း အနည်းဆုံး ဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ် အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်း သိရပါသည်။
သပြေပန်း ၁၀ ညွန့်ပါ တစ်စည်းလျှင် ယခင်က ၄၀၀ ကျပ်ရောင်းချရမှ ယခုအခါတွင် တစ်စည်းလျှင် ၅၀၀ ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်း ၁၀၀ ကျပ် တက်သွားပါသည်။ ဘုရားကပ်လှူ ရာတွင် အခြားပန်းများနှင့်မတူ တမူထူးခြား သပ္ပာယ်သည့်အတွက် လူကြိုက်များ၍ ရောင်းအား ကောင်းကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)